Pages

Subscribe:
         "အနိမ့်အကျဆုံး အလုပ်ဆိုတာ အမြင့်ဆုံးနှလုံးသားရှိသူသာ လုပ်ဆောင်နိုင်သည်"လို့ 

ပရဟိတ စကားလေးကို ကျွန်တော်မှတ်သားခဲ့ဖူးတယ်။ လူရယ်လို့ ဖြစ်လာရင် အတ္တ၊ မာနကင်းဖို့ 
မလွယ်ကူနိုင်ပါဘူး။ ကျွန်တော်အပါအဝင်ပေါ့။ သို့ သော် အတ္တစိတ်တွေ နည်းပါးနိုင်အောင် ပရဟိ
တစိတ်လေးရှိလာအောင် လေ့ကျင့်ပြုစု ပျိုးတောင်လာတတ်မယ်ဆိုရင် မိမိသူငယ်ချင်းများကြား၊
ပတ်ဝန်းကျင်ကြားမိမိကိုယ်တိုင် စိတ်ချမ်းသာမှုရှိလာနိုင်သလို ပတ်ဝန်းကျင်မှာလည်း ပျော်ရွှင်စရာ
ကောင်းလာမှာ အသေချာပါ။
              ကျွန်တော်ရပ်ဝေးမှာ အသက်မွေးဝမ်းကြောင်း နေတဲ့ကာလ(၂)နှစ်နီးပါးကို အထီးကျန်မှု၊
စိတ်တိုင်းမကျမှုတွေနဲ့  နေ့ ရက်တွေကို ကုန်လွန်စေခဲ့တယ်။ အလိုမကျတဲ့စိတ်ကြောင့် လုပ်ဆောင်မှု
တွေကို ဦးတည်ချက်ပြောင်းသွားစေတယ်။ ရည်ရွယ်ချက်မဲ့စွာနဲ့  ထင်ရာစိုင်းတတ်လာတယ်။ အမြင်
မကြည်လင်မှုနောက်ကွယ်က ဒေါသတွေ သိုလောင်ထားတတ်လာတယ်။ တခါတလေမှာ လောကရဲ့ 
အသက်ရှင်နေ့ ရက်တွေဟာ အဓိပ္ပယ်မရှိတော့ဘူးလို့ တောင် တွေးမိခဲ့သေးတယ်။ အဲ့လိုဖြစ်လာနေ
ချိန်တွေများလာရင် ပိုဆိုးလာဖို့ ပဲရှိတယ်ဆိုတာကျွန်တော်နားလည်လာတယ်။ ကျွန်တော် ဗုဒ္ဓဘာသာ
ကိုယုံကြည်သက်ဝင်သူဆိုတော့ ဘာသာရေးကိုပြန်လည်အသားပေးလုပ်ဆောင်ခဲ့တယ်။ ပြန့် လွင့်နေတဲ့
စိတ်ကို အတည်ငြိမ်ဆုံးဖြစ်ဖို့  အချိန်ပေးခဲ့တယ်။အဲ့လို လုပ်ဆောင်ခြင်းအကြောင်းတရားနောက်ကွယ်မှာ
စိတ်ချမ်းမြေ့ မှုတွေတဖြည်းဖြည်းတိုးလာတယ်။
            ကျွန်တော် အွန်လိုင်းသုံးစဉ်ကာလအတွင်း  ရွှေမြို့ တော်ဆိုက်မှာ flashsong linkတင်ဖြစ်တယ်။
လူအများစကားပြောဆိုခန်းဆိုတဲ့နေရာ ဆိုတာ ကျွန်တော်နဲ့  စိမ်းခဲ့တယ်။ တစ်ရက်မှာ link တင်အပြီး
ချက်ခန်းတွင်းကတခြားလူတွေပြောဆိုနေတာတွေ ကျွန်တော်ထိုင်ကြည့်နေမိတယ်။ အားလုံးကမွန်ရည်
စွာပြောဆိုပုံတွေ ကြည့်ပြီး ကျွန်တော် ဝင်ရောက်ပြောဆိုချင်စိတ် ဖြစ်လာတယ်။ ကျွန်တော် ဝင်ရောက်
ပြောဆိုချိန်မှာပဲအားလုံက နွေးထွေးစွာ ကြိုဆိုမှုကို ရရှိခဲ့တယ်။နောက်ရက်တွေမှာလည်း ကျွန်တော်
အဲ့နေရာလေးကိုရောက်ဖြစ်သွားခဲ့တယ်။ ဘာကြောင့်လည်းဆိုရင် ကျွန်တော်လို အထီးကျန်သူတစ်ဦး
အတွက် အဲ့လိုနွေးထွေးမှုလေးက အိုအေစစ်လေးပါ။
             အဲ့လိုအပြန်အလှန်ပြောဆိုနေကြရင် ပထမဆုံးအမှတ်တရမိတ်ဆက်လာသူက ဂဏန်းအမည်နဲ့ 
အကောက်သုံးနေသူတစ်ဦးပါ။ သူကကျွန်တော်နဲ့  နေထိုင်ရာ ဒေသတူသူ တစ်ယောက်ဖြစ်ပါတယ်။
ကျွန်တော်တို့ အပြင်မှာ ပိတ်ရက်တွေဆုံဖြစ်ခဲ့ကြတယ်။နောက်ထပ်တွေ့ ဆုံသူတစ်ဦးက ချစ်မင်းသူပါ။
အဲ့ဒီနောက် ရဲရင့်၊သိန်းသန်းစိုး၊လေပြေ(ကိုရုပ်ဆိုး)၊တွယ်ရာမဲ့ဆောင်းချစ်သူနှင့် တခြားသော သူငယ်ချင်း
တွေ များစွာနဲ့  ပြင်ပမှာရင်းနှီးခွင့်တွေ ရခဲ့ပါတယ်။ သူငယ်ချင်းများစွားကြားမှာ တူညီမှုတစ်ခုက ရိုင်းပင်မှုနှင့်
ကိုယ်ချင်းစာစိတ်လေးဖြစ်ပါတယ်။
             ကျွန်တော်တို့  သူငယ်ချင်းတွေအားလုံး တူညီနေတာတစ်ခုက ရပ်ဝေးမြေရောက်ရှိနေမှုပါ။
အဲ့လိုရပ်ဝေးမှာနေထိုင်သူများဖြစ်သည့်အလျှောက် ညီအစ်ကိုစိတ်ရှိကြသူများလည်း ဖြစ်ပါတယ်။
ဒီလိုခင်မင်ရင်နှီးခဲ့ကြပြီးအချိန်ကြာလတစ်ခုမှာ ကျွန်တော်တို့  သူငယ်ချင်းများတိုင်ပင်ကြပြီး ပရဟိတ
လုပ်ငန်းများကို ကိုယ်နိုင်တဲ့ဝန်နဲ့  တစ်ဖက်တစ်လမ်းက ကူညီကြဖို့  သဘောတူခဲ့ကြတယ်။ပထမဆုံး
သူငယ်ချင်းများနှင့်  စလုပ်ဖြစ်ခဲ့တဲ့ ပရဟိတအလှူတစ်ခုကတော့"နှလုံးလှ ပရဟိတ အသင်း"က
ဦးဆောင်ပေးတဲ့ အာဇာနည်နေ့ အမှတ်တရ (တတိယအကြိမ်)သွေးလှူခြင်းပဲဖြစ်ပါတယ်။
အဲ့မှာ လှူဒါန်းဖြစ်ခဲ့တဲ့သူငယ်ချင်းတွေက ရဲရင့်၊ကိုရုပ်ဆိုး၊ကိုစိုးဦးနှင့် ကျွန်တော်အပါဝင်(၄)ဦး
လှူဒါန်းဖြစ်ခဲ့ပါတယ်။ ကျန်သူငယ်ချင်းများသည်လည်းလှူဒါန်းချင်သော်လည်း အကြောင်း
အမျိုးမျိုးကြောင့် မလှူဒါန်းဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။ဒါပေမယ့်ကျွန်တော်တို့ လှူဒါန်းဖြစ်ခဲ့တဲ့အပေါ်
အားလုံးဝမ်းသာပီတိဖြစ်ခဲ့ကြရပါတယ်။
                  နောက်တစ်ခုလုပ်ဆောင်ဖြစ်ခဲ့တဲ့အလှူတစ်ခုကတော့ ကျွန်တော်တို့ အားလုံးရဲ့ 
လုပ်အားခများထဲမှာ အလှူငွေများလစဉ် ပရဟိတလုပ်ငန်းများကို လှူဒါန်းမှုပဲဖြစ်ပါတယ်။
(၁၂-၇-၁၂)ရက်နေ့ မှာ တိုင်းပင်ထားတဲ့ သူငယ်ချင်းတွေ ဆုံဖြစ်ခဲ့ကြပါတယ်။ အဲ့မှာ အလှူငွေ
များကို စတင်ကောက်ခံလိုက်တော့ မထင်မှတ်အောင်ဝမ်းသာမိပါတယ်။ အားလုံးလှူဒါန်းသူအရေအတွက်
(၁၆)ဦးမှာအလှူငွေ (RM-2600)ကျပ်-၇၀၂,၀၀၀ တိတိကိုရရှိခဲ့ပါတယ်။ အားလုံးကောက်ခံငွေမှာထဲမှာ
အလှူငွေ(ကျပ်-၃သိန်း)အား ပထမဆုံးအလှူငွေ အဖြစ် ပရဟိလုပ်ငန်းများလုပ်ကိုင်နေသော မရှင်းသန့် မေ 
အားဆက်သွယ်လှူဒါန်းဖြစ်ခဲ့ပါတယ်။မရှင်းသန့် မေ၏ပြန်လည်ပြောကြားချက်အရ ကျွန်တော်တို့ လှူဒါန်း
လိုက်သောအလှူငွေအား လက်ရှိလှူဒါန်းဆဲဖြစ်သော"မိဘမဲ့ ကလေးများ ဂေဟာ"တွင်အသုံးပြုသွားမည်
ဖြစ်ကြောင်း သိရပါသည်။
                  ပရဟိတဆိုသည့်အဓိပ္ပယ်ကို ဝန်ခံရရင် ကျွန်တော်မသိပါ။ သေချာတာတစ်ခုကတော့ 
လုပ်ဆောင်မှုအပေါ်တွင် "ရိုးရှင်းပြီးစိတ်ချမ်းသာမှုအပြည့်ဝဆုံးပေးနိုင်သော အလုပ်တစ်ခု"လို့  ကျွန်တော်
ခံစားမိပါတယ်။ထို့ အတူ ကျွန်တော်နဲ့ အတူစိတ်တူကိုယ်တူသူငယ်ချင်းအားလုံးကိုလည်း အထူးပင်
ကျေးဇူးတင်မိပါတယ်။နောက်ထပ်လည်းသူငယ်ချင်းများစွာနှင့်ပရဟိတလုပ်ငန်းများစွာအား
အားသွန်ခွန်စိုက်လုပ်ဆောင် နိုင်ရန်အမြဲ ကြိုးစားလျက်ရှိပါကြောင်း လှူဒါန်းသူ ညီအကို အားလုံးကို ဂုဏ်ပြုရေးသားလိုက်ပါသည်။
                                                     အားလုံးကိုအစဉ်လေးစားလျက်-
                                                                                               လေလွင့်လူ  

Popular Post

 
အဝေးရောက် သို့  နောက်တစ်ခေါက်လာခဲ့ပါ Twitter Bird Gadget