Pages

Subscribe:

...... ဖြစ်ပြီးတဲ့ အကုသိုလ်ကို ဘယ်လိုပယ်မလဲ ........



ဖြစ်ပြီးတဲ့ အကုသိုလ်ကို ဘယ်လိုပယ်မလဲ ... ? မေးခွန်းရဲ့သဘောလေးကို ပိုပြီး

ပြည့်စုံသွားအောင် ကြားဖူးတဲ့ သမ္မပ္ပဓာန်လေးပါးဘက်ကလှည့်ပြောရအောင်ပါ။

သမ္မပ္ပဓာန်လေးပါးက -

(၁) ဖြစ်ပြီးတဲ့အကုသိုလ်တွေကို ပယ်ဖို့ အားထုတ်ရမယ် ။

(၂) မဖြစ်သေးတဲ့ အကုသိုလ်တွေကို မဖြစ်အောင် အားထုတ်ရမယ် ။

(၃) မဖြစ်သေးတဲ့ ကုသိုလ်တွေကို ဖြစ်အောင် အားထုတ်ရမယ် ။

(၄) ဖြစ်ပြီးတဲ့ကုသိုလ်တွေကို ပိုပြီးတိုးပွားအောင် အားထုတ်ရမယ်။

မြတ်စွာဘုရားက ဒီလေးပါကို ပွားများအားထုတ်ရမယ်လို့  ဟေားကြားထားပါတယ်

။ အောက်ဆုံးက စပြောကြရအောင်ပါ ။

(၄) ဖြစ်ပြီးတဲ့ ကုသိုလ်တွေကို ပိုပြီးတိုးပွားအောင် အားထုတ်ပါ တဲ့၊ ဖြစ်ပြီးတဲ့ ကုသိုလ်တွေ

ကို ပိုပြီးတိုးပွားဖို့အတွက် ပြုခဲဖူးတဲ့ကုသိုလ်တွေ ပြန်ပြီး အမှတ်ရနေရပါမယ်၊ ဒါန သီလ ၀ိ

ပဿနာတရားတွေ ဆက်ကာာဆက်ကာ ပြုနေမယ်၊ ပွားနေမယ်ဆိုရင် ဖြစ်ပြီးတဲ့ ကုသိုလ်

တွေပိုလို့ တိုးပွားနေတော့တာပါ။ ခက်လားဆိုတော့ မခက်ပါဘူး။

(၃) မဖြစ်သေတဲ့ကုသိုလ်တွေကို ဖြစ်အောင် အားထုတ်ရမယ်တဲ့။ ဒါလည်းမခက်ပါဘူး။ မ

ပြုဖူးသေးတဲ့ ကုသိုလ်တွေ ဆက်ကာဆက်ကာ ပြုနေရုံပါ။ မခက်ပါဘူး ။

(၂) မဖြစ်သေးတဲ့ အကုသိုလ်တွေကို မဖြစ်အောင် အားထုတ်ရမယ်တဲ့။ ဒါလည်း အကုသို

လ်မဖြစ်အောင် ကိုယ်နှုတ် စိတ်ကို အထူးစောင့်ထိန်းမယ်။ ကုသိုလ်တွေ ဆက်ကာဆက်

ကာ ပြုနေမယ်ဆိုရင်လည်း အကုသိုလ်တွေမဖြစ်အောင်အားထုတ်နေတာပါ။ မခက်ပါဘူး၊

ဒီသုံးပါကတော့ မေးခွန်းမလိုပဲ ကိုယ့်ဟာကို အဖြေက သိပြီးသားပါ။(၁) သမ္မပ္ပဓာန်

သာ မေးစရာဖြစ်နေတာပါ။

ဖြစ်ပြီးတဲ့ အကုသိုလ်တွေကို ပယ်ဖို့ အားထုတ်ရမယ်တဲ့။ အကုသိုလ်က ဖြစ်ပြီးပြီ ၊

ပြုပြီးပြီပဲ ၊ ဘာမှလုပ်လို့မရတော့ဘူး။ ဒီတော့ ဖြစ်ပြီးတဲ့ ပြုပြီးတဲ့ အကုသိုလ်ကို ဘယ်လို

ပယ်မလည်း ... ?

အကုသိုလ်တစ်ခုဟာ ပြုပြီးသွားရင် ကံမြောက်သွားပါတော့တာပါ။ ကံမြောက်သွား

ရင် ကံက ကိုယ့်ကို ဧကံမာချ မကောင်းကျိုးကို ပေးတော့မှာပါ။ ဒီတော့ အကုသိုလ်ကံ အ

ကျိုးပေးမှု သတ္တိတွေနည်းသွားအောင်၊ ခေါင်းပါသွားအောင်၊ ခွာသွားအောင် ဘယ်လိုလုပ်

မလည်း။ ... ?

ဒါ မေးသင့်တဲ့ မေးခွန်းပါ။ ဘာဖြစ်လို့လည်းဆိုတော့ ပုထုဇဉ်အများစုဟာ အကုသို

လ်ကို တစ်ခုပဲဖြစ်ဖြစ်၊ တစ်ခုမကပဲဖြစ်ဖြစ်ပြုဖူးကြတာ များပါတယ်။ ပြုပြီးလို့ သတိသံဝေဂ

နောင်တရတဲ့အခါ သိပ်စိတ်ဆင်းရဲရတော့တာပါ။ ပြုတုန်းကတော့ ခဏလေးရယ်ပါ။ ပြန်

တွေးမိတိုင်း ခံစားရတာက အချိန်တွေအများကြီးပါ။ တချို့အကုသိုလ်တွေဆို တစ်သက်စာ

ဒဏ်ရာရသွားတဲ့အထိပါပဲ။

လိုရင်းပြန်ကောက်ရင် ပြုပြီးတဲ့ အကုသိုလ်ကံ အကျိုးပေးမှု သတ္တိတွေလျော့သွား

အောင်၊ ခွာသွားအောင် ဘယ်လိုလုပ်မလည်း ?

မြတ်စွာဘုရားရှင် ဖြေကြားထားတဲ့ အဖြေတ်ာစကားကို၊ ကျေးဇူးတော်ရှင် ဆရာ

တော် အရှင်ဇနကဘိဝံသက သဂြိုဟ်ဘာသာဋီကာမှာ မြန်မာစကားပြေလှလှလေးနဲ့ဖြေ

ရေးပြထားပါတယ်။ ဆရာတော် စာသားလေးတွေပဲ ဖတ်ကြည့်လိုက်ပါ။

လောကီကုသိုလ်များ၏ ပယ်ရှားပုံကား `` ငါသည် ပါဏာတိပါတာမှုကို ပြုမိချေပြီ။

ထို ပါဏာတိပါတာမှုကား မကောင်းဆိုးဝါးလှ၏။ ဤပါဏာတိပါတာမှုကို ပြုမိသည့်အ

တွက် နောက်တဖန် ပူပန်ခြင်း၊ ကုက္ကုစ္စြုဖစ်နေလျှင် အကုသိုလ်တွေသာထပါ၍ တိုးပွား

တော့မည်။ ပူပန်မှုကြောင့် ပြုမိတာလည်း မပြုရာရောက်အောင် မတတ်နိုင် ´´ ဤသို့ဆိုပြီး

ထိုပြုမိသော ပါဏာတိပါတာမှုကို လုံးလုံးဂရုမပြုပဲ စွန့်ပယ်လိုက်၏။ နောက်နောင်အခါလဲ

ထို ပါဏာတိပါတာမှု မဖြစ်ဖို့ရာ လွန်စွာရှောက်ကြဉ်၏။ ဤသို့သော နည်းအားဖြင့် အား

ထုတ်သည်ရှိသော် , ဖြစ်ပြီး ပါဏာတိပါတာအမှုလည်း ပယ်နိုင်၏။

( ဤနည်းကို မှတ်သားထိုက်၏။ ဤကဲ့သို့ ပယ်စွန့်မှုကြောင့် ဘယ်တော့မှအကြိုးမ

ပေးတော့ဘူးဟု မဆိုနိုင်သောလည်း တော်တော်နှင့်ကား အကျိုးပေးခွင့်ရမည်မဟုတ်၊

ဆက်လက်အားထုတ်သွားလျှင် အဟောသိကံပင် ဖြစ်လောက်ရာ၏။)

လိုရင်ကတော့ ပြုပြီးတဲ့ အကုသိုလ်ကံကို နောင်ဘယ်တော့မှ မပြုတော့ပဲ၊ ကုသို

လ်တွေ ဆက်ကာဆက်ကာပြုနေလိုက်တော့တာပါ။ ဒါဆိုရင် အကျိုးပေးမှုတွေ အဟောသိ

ကံတောင် ဖြစ်ချင်ဖြစ်သွားလောက်ပါတယ် တဲ့ ။

ဖြစ်ပြီးတဲ့ အကုသိုလ်ကို ပြန်ပြန်တွေးပြီး နှလုံမသာမယာဖြစ်နေရင် အကုသိုလ်ပဲ

ထပ်ပွားနေတာပါ အတိတ်ကိုမတွေးတော့ပဲ ပစ္စုပ္ပန်တည့်တည့် ဖြစ်ခိုက် ရုပ်နာမ်ကို ရှုမှတ်

်ပြီး ကုသိုလ်တွေ ဆက်ကာဆက်ကာ ပြုနေဖို့ပါပဲ။

ဒါဆို ပြုမိတဲ့ အကုသိုလ်ကံရဲ့ သတ္တိတွေ လျော့လျော့ ခွာခွာသွားပါလိမ့်မယ်။

ထင်ရှားတဲ့ ဇာတ်လမ်းဝထ္တုတွေ အများကြီးရှိပါတယ်။ လက်တလောခေါင်းထဲပေါ်လာ

တာကတော့ ဇဋိလ သူဌေးလောင်း ၀ထ္တုပါ။

သူက ကဿပ ဘုရားရှင်လက်ထပ်မှာ ရွှေပန်းထိမ်သည်ပါ။ သဒ္ဒါတရားလည်း

ကောင်းသူပါ။ တနေ့တော့ ဇနီးလုပ်သူနှင့် စကားများရန်ဖြစ်ကြပါတယ်။ရန်ဖြစ်ပြီးစထိုင်

နေစဲမှာပဲ ရဟန်းန္တာအရှင်မြတ်တပါးက ကဿပ ဘုရားရှင် ဆံတော်မူပြီးစဓာတုစေတီ

တည်တဲ့အခါ ရွှေလိုနေတဲ့အတွက် ရွှေလိုနေကြာင်း သိလော့လို့ မိန့်ပါတယ်။ မိန်းမကို

စိတ်ထဲက စိတ်ဆိုးနေတာဆိုတော့ `` အရှင်ဘုရားရဲ့ ဘုရား ရေထဲသာ ချပစ်လိုက် ´´

လို့ပြောပစ်လိုက်ပါတယ်။

ဒီစကားသံကိုကြားတော့ ဇနီးလုပ်သူက စိုးရိမ်ထိတ်လန့်သွားပြီး

`` ရှင်စိတ်ဆိုးချင်ရင် ကျမကိုဆိုးပါ ၊ ဘာဖြစ်လို့ ဘုရားရှင်ကိုရန်လုပ်နေတာလဲ ´´

လို့သတိပေးလိုက်ပါတယ်။

ပါရမီပါခဲ့သူ သတိရှိသူဆိုတော့ ချက်ချင်းပဲအမှားကိုသိပြီး သံဝေဂ ဖြစ်သွားပါတယ်။

ရဟန္တာအရှင်မြတ်ကိုပဲ လက်အုပ်ချီပြီး `` အရှင်ဘုရား ... တပည့်တော်ကို ခွင့်လွှတ်

သည်းခံပါ ဘုရား´´ လို့လျောက်ပါတယ်။ အရှင်မြတ်က `` ဒကာ သင်ကငါ့ကို ပြစ်မှားတာ

မဟုတ်ဘူး ဘုရားရှင်ကိုပြစ်မှားတာ၊ ဘုရားရှင်ကိုပဲ ကန်တော့ပါ ´´ လို့ မိန့်ပါတယ်။

ကြောက်ကြောက်လန့်လန့်နဲ့ပဲ `` ဘယ်လိုကန်တော့ရမှာလဲ ´´ လို့ ထပ်မေးပါ

တယ်။ အရှင်မြတ်ကလဲ`` ရွှေပန်းအိုး သုံးအိုးလုပ်ပြီး ဓာတ်တော်အတွင်းမှာဌာပနာသွင်းပြီး

ကန်တော့ပါ ´´ လို့ ဖြေကြားပါတယ်။

ဇဋိလ သူဌေးလောင်းလည်း အရှင်မြတ်ပြောတဲ့အတိုင်းကန်တော့ပါတယ်။

ဒီလို အကုသိုလ်မျိုးကို နောင်ဘယ်တော့မှ မပြုတော့ပဲ ကုသိုလ်တွေ ဆက်ကာဆက်ကာ

ပြုပြင်နေသွားတော့ပါတယ်။

ဇဋိလသူဌေးလောင်းဟာ အမှတ်တမဲ့ အသိမဲ့ပြီး ပြောလိုက်တဲ့ အကုသိုလ်ကံ

ကြောင့်ပဲ ခုနှစ်ဘ၀ ရေမျှောခံခဲ့ရပါတယ်။ နောက်ဆုံး ဂေါတမဘုရားရှင်လက်ထပ်မှာလဲ

ရေမျှောခဲခဲ့ရပါတယ်။ဒါပေမယ့် ပါရမီရှိခဲ့သူဆိုတော့ အသက်ကယ်မဲ့သူကတော့ ပေါ်ပေါ်

လာခဲ့ပါတယ်။

တကယ်လိုသာ မကန်တော့ဘူး၊အရှင်မြတ်ကိုလဲ ဒေါသအလျောက် မချေမင

ံ စကားတွေနဲ့ ထပ်ဆင့်ပြစ်မှားလိုက်မယ်ဆိုရင်တော့ အပြစ်က ကြီးသထက်ကြီးသွားပါ

လိမ့်မယ်။

ဒီနေရာမှာ အပြစ်ကိုပြုမိပေမယ့် အကုသိုလ်ကို အကုသိုလ်မှန်းသိသူရယ်၊

အကုသိုလ်ကိုအကုသိုလ်မှန်းမသိသူရယ်ဆိုပြီး ကွားသွားတာပါ။ပုထုဇဉ်တစ်ယောက်ရဲ့
ဲ့
ဘ၀ဟာ အချိန်မရွေး အကုသိုလ်တွေဖြစ်နိုင်တာဆိုတော့ တရားအသိက တော်တော်လေး

ရှိနေကာမှ တော်ကာကျတာပါ ။ ဒီတရားအသိတွေရဖို့ စာဖတ်တာတို့၊ တရားနာတာတို့

ကို အလုပ်တစ်ခုလိုကို လုပ်နေရမှာပါ။

တကယ်လို့ အကုသိုလ်ပြုမိခဲ့ရင်လည်း အကုသိုလ်ကို အကုသိုလ်မှန်းသိပြီး က

စားတတ်ဖို့ပါ။ မထူးတော့ပါဘူးဆိုပြီး အကုသိုလ်တွေပဲ ဆက်ကာဆက်ကာပြုနေရင်တော့

ဘ၀က နစ်သထက်နစ်သွားပါလိမ့်မယ်။

ကဲ ... စာဖတ်သူတို့ ဘ၀မှာ မလွှဲသာမရှောင် အကုသိုလ်တစ်ခုကို ပြုမိတယ် ဆို

ပါစို့၊ ဒါဆိုရင် ပြုမိတဲ့ အကုသ်ုလ်ကို နောင်ဘယ်တော့မှ မပြုတော့ပဲ ကုသိုလ်တွေသာ စုံ

နိုင်သမျှ စုံအောင် ဆက်ကာဆက်ကာသာ ပြုနေလိုက်ပါတော့။ ဒါဟာ ဖြစ်ပြီးတဲ့

အကုသိုလ်ကို ပယ်လိုက်တာပါပဲ ။ ။

အရှင်ရာဇိန္ဒ ( ရဝေနွယ် - အင်းမ )

Popular Post

 
အဝေးရောက် သို့  နောက်တစ်ခေါက်လာခဲ့ပါ Twitter Bird Gadget