Pages

Subscribe:

ကျွန်တော်နှင့်ကျွန်တော်၏သူငယ်ချင်းများ

             "ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း"ဆိုတဲ့စကားပုံကိုကြားဖူးတာတော့ကြာခဲ့ပါပြီ။
လေလွင့်လူ လည်းအဲ့ဒီစကားပုံ အတိုင်း ချစ်ခင်ရတဲ့ ညီအကိုတွေကို မလေးရောက်ပြီး
(၂)နှစ်လောက် ကြာတော့ အွန်လိုင်းကတဆင့် ရင်းနှီးခွင့်ရခဲ့တယ်။ ခင်မင်မှုကို ပြောရမယ်
ဆိုရင်အားလုံးကစိတ်တူကိုယ်တူတွေမို့ အထိုင်အထ၊အသွားအလာ၊အတိုင်းအပေါက်တွေက လည်းညီနေတယ်။ အရင်ကာလတွေ  ငြီးငွေ့ မှုတွေက သူငယ်ချင်းတွေကြားမှာ ဘာမှမဟုတ်
တော့ သလိုပါပဲ။ အားလုံးက တစ်ဦးကိုတစ်ဦး ညီအကို သဘောတွေ ရှိနေကြတော့ နေ့ စဉ်
ဖုန်းတွေဆက် အွန်လိုင်းပေါ်  နောက်ပြောင် ကြရင်း အဝေးက အထီးကျန်ချိန်တွေဟာ
တဖြေးဖြေး စိုပြေလာခဲ့ရပါတယ်။
               တစ်နေ့ ကျွန်တော်တို့ သူငယ်ချင်းတွေ(ShahAlamKotoKemuning)သူငယ်ချင်း
တစ်ယောက်အခန်းမှာ စုဖြစ်ကြတယ်။ အဲ့မှာ ထုံးစံအတိုင်း ရိုးရာမပျက် သောက်စားရင်း စကားပြောဖြစ်ကြတယ်။ စကားတွေ အများကြီး   ပြောဖြစ်ကြတဲ့ အထဲမှာကျွန်တော်
ကောက်နုတ်တင်ပြချင်တာလေ ရှိနေတာပါ။ အကြောင်းအရင်းကတော့ ကျွန်တော်တို့ 
သူငယ်ချင်းတွေ အားလုံး ချွေးနည်းစာ လုပ်အားခ ထဲကနေ လစဉ်အလှူလေးတစ်ခု
ဖြစ်မြောက်အောင် လှူဒါန်းဖို့  အကြမ်းဖျင်း တိုင်ပင်ဖြစ်ခဲ့ကြတယ်။ အဲ့လို ကောက်ခံမှုမှ
ရရှိလာတဲ့ အလှူငွေများကို လက်ရှိလူမှုရေး လုပ်ကိုင်ဆောင်ရွက်နေတဲ့ အဖွဲ့ စည်းများကို
ဆက်သွယ်လှူဒါန်း သွားလိုကြောင်းတွေကို  ပြောဖြစ်ခဲ့ကြတယ်။  လက်ရှိအချိန်ထိတော့ အလှူငွေကောက်ခံရရှိခြင်း မရှိသေးသလို လှူဒါန်းခြင်းလည်း မရှိသေးပါဘူး။ သို့ သော်
ကျွန်တော်တို့ သူငယ်ချင်းများအားလုံး  တွေ့ ဆုံနိုင်ရန်  ချိန်းဆိုထားခဲ့သော (၁၂-၇-၁၂)
ကြာသပတေး နေ့  မှာ  ကျွန်တော်လေလွင့် ရဲရဲကြီး ယုံကြည်ထားပါတယ်။
               "ဘဝဆိုတာခဏတာ"လို့  ကျွန်တော်တို့  သိထားကြရင် လက်ရှိအချိန်ဆိုတာလည်း
မျက်စိတမှိတ် လျှပ်တပြတ်လေးပါ။ အရင်က ရှင်သန်ချိန်တွေ မေ့ထားခဲ့ပြီး ပစ္စုပ္ပန်နဲ့ 
အနာဂတ်မှာ ကျွန်တော်တို့ အားလုံး အတ္တဟိတတွေ လျော့နည်းအောင် ကြိုးစားကြမယ်။
ပရဟိတတွေ လက်လှမ်းမှီသလောက်ကို လုပ်ကြမယ် ဆိုရင် သေဆုံးသွားထိတိုင်
အနည်းဆုံးတော့ စိတ်ချမ်းချမ်းသာသာ ဖြစ်ရမှာပါ။ ကျွန်တော်ဒီလောက်ထိ အားအင်တွေ
ရှိနေရတာ ကျွန်တော်ရဲ့ အနီးကပ်ဆုံး သူငယ်ချင်းတွေကြောင့်ပါ။ ကျွန်တော်ရဲ့ စိတ်အတိုင်း သူတို့ အားလုံးလည်း သဘောထားခဲ့ကြသလို သူတို့ ရဲ့ စိတ်အတိုင်းလည်း ကျွန်တော်ရှင်သန်
ခွင့်ရခဲ့တယ်။
              အမှန်တကယ် အမှတ်တရလေးပါ။ (၁-၇-၁၂) နေ့ မနက်ကို ရောက်ဖို့  ကျွန်တော် စိတ်လှုပ်ရှားနေတာ ကြာပါပြီ။ ဘာလို့ လဲ ဆိုရင် သွေးလှူဖို့  အကြောင်း သူငယ်ချင်းတွေကို
ကြိုတင်ချိန်းဆို ထားခဲ့ ပြီးပါပြီ။  နောက်ဆုံး ချိန်းဆိုလို့  ရတဲ့ သူငယ်ချင်း အားလုံးပေါင်း
(၅)ယောက်  ကျွန်တော်အပါဝင်ဆို(၆)ယောက်ပေါ့။ ကျွန်တော်ရယ် လေပြေရယ်က တစ်မှတ်
ခြားတယ်။ သူနဲ့ ချိန်းပြီး ကလန်း(Klang) ကိုလာခဲ့ကြတယ်။ ကလန်းရောက်တော့လိုက်မယ်လို့ 
ပြောထားတဲ့ သူငယ်ချင်း(အာကာမင်း)ကို ကပုန်းဂျာဝါ(Kampung Jawa) ကလာကို စောစော
ဖွင့်ပေးတဲ့ ကလန်းက"ရွှေလက်ရာ" မြန်မာဆိုင်ကနေ နံနက်ခင်း မုန့် ဟင်းခါး ပူပူလေးနှင့်
လက္ဘက်ရည် သုံးဆောင်ရင်း လေပြေနှင့်လေလွင့် ခန့် ခန့် ကြီးစောင့်နေခဲ့တယ်။ မိနစ်(၃၀)ခန့် 
အကြာမနက်(၁၀း၀၀)နာရီ ဝန်းကျင်အချိန်လောက် ဖုန်းဝင်လာပြီး အာကာမှရောက်နေပြီး
ဆိုတဲ့အကြောင်းလှမ်းပြောတယ်။ အဲ့တာလည်း ဟုတ်သားပဲ။ အွန်လိုင်းပေါ်မှာသာ ညီအကို
တွေလို စကားပြောဆိုနေကြပေမယ့် အပြင်မှာ တစ်ခါမှဆုံဖူးခြင်းမရှိသေးတော့ နည်းနည်းတော့ အခက်တွေ့ ရတာပေါ့။
             အဲ့တာနဲ့  ဆိုင်အပြင်ဘက် ဖုန်းနဲ့  စကားပြော   ခေါ်ရတော့တာပေါ့။  တခါတလေ
ကတော့လည်း လွယ်မလိုနဲ့  ခက်ရတယ်။ ကိုယ်ကဖုန်းပြောပြီး ရှာနေတာ တောင်ဘက် သူကဖုန်းပြောနေတာ မြောက်ဘက် သူဟာနဲ့ သူတော့အဆင်ပြေသွားပါတယ်။ ဆုံကြတော့
မြန်မာဆိုင် အစာပြေစားသောက်ရင်း အချိန်က (၁၀း၁၅)  ရှိသွားတယ်။ ဦးတည်ထားတာက
သွေးလှူဖို့  အတွက်ကိုပါ။ ဒါပေမဲ့ ကြားဖြတ်အစီစဉ်လေး တစ်ခုအနေနဲ့  မွေးနေ့ ပွဲတစ်ခုကို
သွားဖို့  ကိုလေပြေက အစကတည်းက စီစဉ်ထားပြီးသားပါ။ အဲ့တော့ (၃)ယောက်သား
တက္ကစီဌားပြီး သွားခဲ့ ကြတယ်။ ဟိုရောက်တော့လည်း ဖုန်းဆက်ပြီးမေးရတယ်။ ဘာလို့ လည်း
နေရာကလည်းမရောက်ဖူးသလို လူတွေကလည်း တစ်ခါမှ မဆုံဖူးသေးခြင်းကြောင့်ပါ။
ဘာပဲဖြစ်ဖြစ်အဆင်ပြော ချောမောစွာနဲ့ ပဲ မွေးနေ့ ပွဲရှိရာကို (၃)ယောက်သာ
 ရောက်ရှိသွားခဲ့ ကြတယ်။

                              Birthdayကိတ်(ရဲရင့်နှင့်သူ၏သူငယ်ချင်းများ သိစေရန် အဟဲ..ရှာင်လွှဲချက်)


                                               မွေးနေ့ ရှင်ကိတ်မုန့် လှီးနေစဉ်အမှတ်တရ။

                အဲ့မှာ မွေးနေ့ ပွဲကျင်းကချိန်ကို စောင့်စားရင်း ကျွန်တော်ဆီ ဖုန်းဝင်လာပါတယ်။
ဆရင်ဘန်း(Seremban)မှ သူငယ်ချင်း ရဲရင့်နှင့်သူ့ အဖော် (၃)ဦးတို့  KL ရွှေတောင်စားသောက်ဆိုင်
တွင်ရောက်ရှိနေကြောင်း လှမ်းအကြောင်းကြားတယ်။ အဲ့တာကလည်း ကျွန်တော်လေလွင့်လူ
ရဲရင့်အား တိုက်တွန်းနိုးဆော်ထားမှုကြောင့် KLမှာသွေးလှူဖို့  သူ့ ၏ရောင်းရင်းမှားအား ဆွဲခေါ်လာ
ခဲ့ ခြင်းဖြစ်မယ်။ ဒီဘက်မှာကလည်း မွေးနေ့ ပွဲကနေ ချက်ချင်းကြီးထပြန်ရအောင်လည်း မဖြစ် ။
ဟိုဘက်က သွေးလှူမယ်ဆိုပြီး တက်တက်ကြွကြွချီတက်လာကြသော မိတ်ဆွေအပေါင်းအသင်းများ
အပေါ်လည်အားတောင့် အားနားဖြစ်ရ။ ဒီလိုနဲ့ အချိန်(၁၂)နာရီကျော်လာခဲ့တယ်။ အဲ့ကာလအတွင်းမှာ
ရဲရင့်ဆီကနေ ဖုန်း(၅)ကြိမ်ထက်မနည်း လာပြီးသွားပါပြီ။ မွေးနေ့ ပွဲက ဆင်းလာပြီး ကားဌားပြန်တော့
ကလန်း(Klang)ကိုပဲရောက်မယ်တဲ့ သွားချင်တာက KL ...အခက်တော့တွေသား။ မထူးပါဘူး
ကလန်း(Klang)ဆိုလည်း ဘာဖြစ်မှာလဲ အဲ့နေရာပဲ သွားတာပေါ့ဆိုပြီး ကားပေါ်တက်ခဲ့ကြတယ်။
(မတက်လို့ လည်းမရပါ။လေလွင့်၊လေပြေ၊အာကာ(၃)ယောက်စလုံးလူလည်အာရှသားတွေပါ
ရောက်နေတဲ့ နေရာက ဘယ်ကိုဆက်ရမယ် မသိပါ။အဲ့တာကြောင့် တက္ကဆီသမားခေါ်ရာကို
အလိုက်သင့် ခရီးဆက်ခဲ့ခြင်းဖြစ်ပါ။

                                            (တကယ်ကြီးပါ ကားဌားပြီးကို အမြန်လာတာ):P
           ကလန်း(klang)ရောက်တော့ KL သွားဖို့ ကားဌားကြည့်တာ ဈေးကြီးတာနဲ့  စောင့်နေသူ
အားနာနာနဲ့  လိုင်းကားပေါ်တက်စီးလိုက်တယ်။ ကားပေါ်အရောက် ဖုန်းကထပ်လာပြန်ပါတယ်။
ရဲရင့်ဆီကပါပဲ။ လိမ်ရတော့တာပေါ့ ဒီတစ်ခါတော့။ "ရောက်ခါနီးပြီ"ပေါ့။ ဘာညာပြောပြီ စောင့်ခိုင်း
ရတော့တာပေါ့။ ကျွန်တော်ကိုယ်တိုင်က မှားနေတာ အဲ့တော့စိတ်ဆိုးလည်း ခံရမှာပေါ့။ ခက်တာက
ကျွန်တော်သူငယ်ချင်းတွေထဲမှာ တော်ရုံကိစ္စလောက်ကို စိတ်ဆိုးတတ်တယ်လို့ မရှိပါဘူး။ အဲ့လိုနဲ့ 
စိတ်မရှည်လေလား ၊သည်းခံလေလားတော့   မသိပါ။ ကျွန်တော်တို့ အလာ   (၃)နာရီလောက်ကို
ထိုင်စောင့်နေရတာတော့ သေချာတယ် ထိုင်ခုံတော့ပူနေလောက်တယ်။ (အားလုံးကို စိတ်ရှည်
သည်းခံစွာစောင့်ဆိုင်းပေးခဲ့သော ရဲရင့်နှင့်မိတ်ဆွေများအားလုံး အထူးကျေးဇူးတင်ရှိပါ၏။)
                       KL ရောက်တော့ ကိုတာရာယာ(Kotaraya)ရှေ့ဆုံကြပြီး သွေးလှူရာဌာနရှိတဲ့SMခန်းမ
(၆)လွှာဆီ အပြေးတက်သွားမိတယ်။ နောက်ကလည်းကျ၊ စိတ်ကလည်းလောနေတာပါနေတယ်။
ခန်းမဆီ လှမ်းအဝင်မှာတင် စိတ်ထဲနည်းနည်းတော့ မကောင်းဖြစ်သွားတယ်။ လူအုပ်ကြီးက
တော်တော်များတယ်။ အဲ့တာနဲ့ အသင်းဝင် တစ်ယောက်အား သွေးလှူရန် စာရင်းပေးလိုကြောင်း
မေးမြန်းကြည့်တဲ့အခါမှာတော့ သတ်မှတ်ထားတဲ့ လူဦးရေ(၃၀၀)ပြည့်သွားပြီဖြစ်တာကြောင့်
နောက်ထပ်အလှူခံရန်မဖြစ်နိုင်တော့ကြောင်း အားနားသောပုံစံအပြုံးလေးနှင့်ပြန်ဖြေပေးတယ်။
ချက်ချင်းဆိုသလို မျှော်လင့်ချက်မဲ့သွားတဲ့ ကျွန်တော်ရဲ့ မျက်နှာကို ရိပ်စားမိပုံ ရတဲ့အသင်းဝင်အစ်မက အကယ်လို့ အကြောင်းအရင်းတစ်စုံတစ်ရာ မတိုက်ဆိုင်သောအလှူရှင်များ လှူခွင့်မရတဲ့အခါ
အကြောင်းကြားပေးပါမည် ၊အစားသောက်များ စားသောက်ပြီး ထိုင်စောင့်နေပေးပါလို့  တိုက်
တွန်းမှုကြောင့် စိတ်မသက်သာစွာနှင့်လေလွင့်လူတို့ အဖွဲ့ လှည့်တဆန့် ဆန့် နဲ့ မျှော်နေရတော့
ပါတယ်။နောက်ပြီး မတောင်းကောင်းတဲ့ဆုလည်းမတောင်းချင်ပါဘူး။ အဖြစ်က တစ်ပါးသူ အလှူ
ရမှာ လှူရမယ့် အဖြစ်မဟုတ်လား။ အဲ့တာနဲ့ ဘေးနားက သူငယ်ချင်းတွေတိုက်တွန်းချက်နဲ့  (၂)
ကြိမ်မြောက် မည်သည့်အချိန် လှူလို့ ရမည်ကိုမေးမြန်းပြီး ထိုင်ခုံထက်မှ ဃနာမငြိမ်စွာ စောင့်နေ
ခဲ့ပါတယ်။ထို အချိန် စာရေးဆရာမ သန်းမြင့်အောင် ဟောပြောနေမှုသည်လည်း စိတ်နှင့်ကိုယ်မ
ကပ်စွာ ကြားတစ်ချက် မကြားတစ်ချက် နားထောင်နေခဲ့ပါတယ်။
     စာရေးဆရာမ သန်းမြင့်အောင်(နာယက -နှလုံးလှလူငယ်သွေးလှူအဖွဲ့ )မှဟောပြောနေစဉ်။
 

             
                  ကံကြောင်းခြင်းတဲ့ အကြောင်းများလားတော့မသိ။ (၁၀)ခန့် အကြာ အဖွဲ့ ဝင်တစ်ဦးက
စောင့်ဆိုင်းနေသူများကြား သွေးလှူလို့ က စာရင်းပေးနိုင်ကြောင်းလာရောက်ပြောတေ့မှ လေလွင့်
သက်ပြင်းချလို့ ရသွားတယ်။အပြစ်ရှိတောငြိမ်ပြီးအကြံထုတ်နေတာ ဘေးနားကသူငယ်ချင်းတွေ   
 တော့သိပုံမရဘူး။ ဒီကိစ္စကြိုတင်စီမံကိန်းအစက လေလွင့်ပါ။ နောက်ကျပြီးရောက်ခဲ့လည်း လေလွင့်ပါ။
အလှူအထမမြောက်တော့မယ့် ဆဲဆဲ ဒီလိုပြောစကားက ရေငတ်စဉ် ရေတွင်းထဲချပေးလိုက် သလို
စိတ်ထဲမှာ အပျော်ကြီးပျော်ခဲ့ရတယ်။ အဲ့တာနဲ့  ထိုင်ရာကသူငယ်ချင်းတွေ အားလုံးထပြီး ပထမဆုံး
နာမည်စာရင်းပေးသွင်းကြပါတယ်။ ပြီးတော့ fromအတွက်လိုအပ်ချက်မေးမြန်းတဲ့ အခါ အချက်လက်ပြည့်စုံသူ အားဆရာဝန်းထံမှာသွေးပေါင်ပြည့် မပြည့်စစ်ချက်ခံယူကြရပါတယ်။
                                  သွေးအလှူရှင်များထံမှ လိုအပ်ချက်များမေးမြန်းစာရင်းသွင်းစဉ်။

                            ဆရာဝန်ထံမှဆေးစစ်ချက်ရယူရန်စောင့်ဆိုင်းနေသော သွေးအလှူရှင်များ။
                     ဆရာထံမှ ဆေးစစ်ချက်ရယူနေသော သွေးအလှူရျင်တစ်ဦး။
                           

Popular Post

 
အဝေးရောက် သို့  နောက်တစ်ခေါက်လာခဲ့ပါ Twitter Bird Gadget