Pages
Subscribe:
အဝေးရောက်သူငယ်ချင်းများ ပုံပြင်
            လူရယ်လို့ ဖြစ်လာရင် အသက်ရှင်ရပ်တည်မှုဆိုတာ ပထမဆုံးလိုအပ်ချက်တစ်ခုပါ။
စိတ်ကူးတွေယဉ်၊ မျှော်လင့်ခြင်းတွေနဲ့  လက်တွေ့ ဘဝကို ပုံဖော်တည်ဆောက်ခဲ့ကြတယ်။
ဖြစ်လာခဲ့တာတွေရှိခဲ့သလို ဆုံးရှုံးခြင်းတွေနဲ့ လည်း ရင်ဆိုင်ခဲ့ရတယ်။ မိမိလုပ်ရပ်အပေါ် ကိုယ်တိုင် ကျေနပ်တာတွေရှိခဲ့သလို ကိုယ်တိုင်အားမလိုအားမရ ဖြစ်ခဲ့တာလည်းရှိခဲ့ဖူးပါတယ်။ 
အတိတ်၊ ပစ္စုပ္ပန်၊အနာဂတ်ရဲ့  လမ်းကြောင်းမှာ ပျော်ရွှင်မှု ဝမ်းနည်းခြင်းတွေကလည်း ဖြစ်ပြီး ၊ဖြစ်ဆဲ၊ ဖြစ်လာရအုံးမှာပါ။ဦးသုခ ရေးသားခဲ့တဲ့ "ဘဝ သံသရာ"သီချင်းလေးက လူ့ ဘဝဖြစ်စဉ်
တလျောက် ရိုးစင်းစွာသိမြင်ရပါတယ်။
           လူ့ ဘဝဇာတ်ခုံ အဖုံဖုံမှာ တွေ့ ကြုံ ဆုံကွဲခြင်းက ဓမ္မတာပါပဲ။ ဒါပေမဲ့ မမျှော်လင့်တဲ့
တွေ့ ဆုံမှုတွေနဲ့  စိတ်တူကိုယ်တူသူငယ်ချင်းကောင်းများစွာရှိခွင့်ရတဲ့အတွက်ကိုယ်တိုင်လည်း 
ပျော်ရွှင်မိတယ်။ဒီ့အပြင် စိတ်ကူးထားပြီး အကောင်အထည်မဖော်နိုင်သေးတဲ့  အကြံအစဉ်တွေကို  အတူပုံဖော်ခွင့်ရ လိုက်တဲ့ နားလည်မှု အပြည့်ဝပေးခဲ့ကြတဲ့ သူငယ်ချင်းတွေ အားလုံးအပေါ်မှာ
အထူးပဲ ကျေးဇူးတင်နေမိပါတယ်။
           ကျွန်တော်တို့  ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတိုင်းက ကောင်းတာလုပ်ရင် ကောင်းတာ
ဖြစ်မယ်။၊မကောင်းတာလုပ် မကောင်းတာဖြစ်မယ် ဆိုတဲ့ "ကံ ကံ၏အကျိုးအကြောင်း"ကို 
ရင်ဝယ်နှလုံးသွင်း ခဲ့ကြတာ ငယ်စဉ်ခလေးဘဝကတည်းကလို့  ဆိုရမှာပါ။ သို့ သော်ငြားလည်း 
ကိုယ်တိုင်က အတ္တ၊မာန၊ဒေါသ တွေကြားက ရုန်းမထွက်နိုင်ပဲရှိနေဆဲပါ။ အနိစ္စ ၊ဒုက္ခ၊အနတ္တ
သဘောတွေ သိနေသော်လည်းအဝိဇ္ဇာရဲ့ အမှောင်ထုကြား ပျော်ပါးနေတဲ့ ခရီးသွားတစ်ယောက်
အနေနဲ့  ဘယ်လောက်ပေးပေး မရသေးတဲ့ "မွဲချင်တဲ့ခွေး ပြာပုံတိုး"ဆိုသလို ကောင်းမှုတစ်ခု ပြုဖို့  အတော်ဝန်လေးနေမိတယ်။ဥပမာပေါ့-ဘီယာဆိုင်ဆိုရင် "လာလေကြာသလား"လို့  ငြင်းနေမှာ
မဟုတ်ဘူး။ ပါတာကုန်ချင်သလောက်ကုန် ပါစေမနှမြောတတ်ခဲ့ဘူး။ အဲ့လိုသောက်လို့ ကုန်မှာ
တွေကိုလှူပစ်မယ်လို့  ပြောရင် သေချာတယ် မလုပ်ဖြစ်မှာ။ ဒါပေမဲ့ ကျွန်တော်ကံကောင်းတယ်
ဆိုရမလား သူငယ်ချင်းတွေ လှူကြရအောင်လို့  စတိုင်ပင်ခါစက အားလုံးကချက်ချင်းဆိုသလို
"လုပ်ကြရအောင် ဘယ်တော့လဲ" လို့ ဝမ်းသာအားရ စိတ်ရင်းနဲ့  ဖွင့်ဟပြောဆိုလာတယ်။ 
              ကျွန်တော်တို့  အားလုံကလည်းရပ်ဝေးမြေခြားရောက်နေကြသူတွေဆိုတော့လည်း
နေတတ်တယ်။ တိုင်ပင်ထားခဲ့သလိုပါပဲ သူငယ်ချင်းအားလုံးဆုံနိုင်မယ့်(၁၂-၇-၁၂)ရက်နေ့ က
တစ်ဦးတစ်ယောက်နှုန်းကလွဲလို့  ကျန်သူငယ်ချင်းတွေ အားလုံးဆုံစည်းဖြစ်ခဲ့ကြတယ်။ ပါလာတဲ့
လုပ်အားခ အနည်းအကျင်းကိုပဲ ဝိုင်းဝန်းလှူဒါန်းခဲ့ကြတာ အားရဝမ်းသာကျေနပ်ပီတိဖြစ်ခဲ့
ရပါတယ်။ အလှူငွေကောက်ခံရရှိနှုန်းက အနည်းငယ်မျှသာလို့ ဆိုရပေမယ့် အားလုံးရဲ့  
တက်ကြွနေတဲ့ သဒါင်္စိတ်ကိုတော့ နှိုင်းယှဉ်ဖော်ပြလို့ ရနိုင်မယ်လို့ တောင် မထင်မိပါဘူး။
အောက်တွင် လှူဒါန်းခဲ့တဲ့ အလှူရှင်များ စာရင်းကို မည်သည့်သဘောထားမှာ မပါဝင်ပဲ
ပီတိစိတ်တစ်ခုနဲ့ ဖော်ပြပေးလိုက်ပါတယ်။
                နောက်ထပ်တတ်နိုင်တဲ့ လုပ်အားခတွေနဲ့ ဆက်လက်လှူဒါန်းနိုင်ဖို့  သူငယ်ချင်းတွေ
အားလုံးတိုင်ပင်ပြီး"အဝေးရောက် သူငယ်ချင်းများ"လို့  နာမတစ်ခုနဲ့  လစဉ်ဒါနပြုနိုင်ဖို့  ဖွဲ့ စည်း
ဖြစ်ခဲ့ကြတယ်။ လစဉ်အလှူငွေ ပါဝင်လှူဒါန်းလိုတဲ့ သူငယ်ချင်းများအား တစ်စုတစ်စည်းအဖြစ်
အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။ဖုန်းနံပါတ်နှင့် အကောင့်များအား ဖော်ပြပေးထားခြင်း
ဆိုတာကလည်း မိမိချွေးနည်းစာလုပ်အားခများထဲမှာ လှူဒါန်းလိုသော နောက်ထပ် နောက်ထပ်
အသစ်သော သူငယ်ချင်းများ ပါဝင်လှူဒါန်းစေလိုသော နိုးဆော်လိုသည့် စိတ်တစ်ခုကြောင့်
ဖော်ပြထားခြင်း ဖြစ်ပါတယ်။
                 ကျွန်တော်တို့ သူငယ်ချင်းများ၏ ပထမဆုံးအလှူဒါနလေးအပေါ် လေ့လာနိုင်စေလို
သည့်ဆန္ဒဖြင့် ဖော်ပြချက်လေးတစ်ခု ဖတ်ရှု့ စေလိုပါတယ်။ လှူဒါန်းဖြစ်အောင် ကူညီပန့် ပိုးပေး
ထပ်လောင်းပြောကြားပါရစေ။တစ်ကမ္ဘာလုံး လူသားကောင်းကျိုးလုပ်ဆောင်နေကြသော ပုဂ္ဂိုလ်များ အားလုံးကို အထူးပင်လေးစားဂုဏ်ယူအားကြမိပါသည်။ ကျွန်တော်တို့  သူငယ်ချင်းအားလုံး၏ 
ကိုယ်စွမ်း ဥာဏ်စွမ်း တတ်အားသ၍ ပရဟိတလုပ်ငန်းများကို လုပ်ကိုင်နိုင်ဖို့  ကြိုးစားလျက်ရှိနေ
ကြောင်းနှင့် နောက်ထပ်အသစ် အသစ်သော သူငယ်ချင်းများအား လှူဒါန်းမှုများ ပြုစေလိုကြောင်း
ကိုလည်း အဝေးရောက်သူငယ်ချင်းများက နိဗ္ဗာန်အကျိုးမျှော်ကိုး၍ တိုက်တွန်းလိုက်ပါရစေ။
              မိမိတို့ ၏ ကိုယ် စိတ်ခန္ဒာမှာ ဒါန ၊သီလ ၊ဘာဝနာများနှင့် ရခဲလှတဲ့ လူ့ ဘဝကို 
              ခြယ်သမှုန်းလို့  ပစ္စုပ် သံသရာ ဤနှစ်ဖြာကို ရေလိုအေးလို့  ပန်းလိုမွှေးနိုင်ကြပါစေ...
Popular Post
အဝေးရောက် သို့  နောက်တစ်ခေါက်လာခဲ့ပါ Twitter Bird Gadget