" များလိုက်တဲ့ အလုပ် ၊တစ်ပတ်စာကို တစ်ရက်တည်းနဲ့
အပြီးလုပ်တော့မယ်ထင်တယ်..."
တစ်ယောက်တည်းအလိုမကျမှုတွေနဲ့  လုပ်ဖော်ကိုင်ဖက်တစ်ယောက်အပေါ်
မကျေမနပ်ဖြစ်နေမိတယ်။
ဖြစ်ချင်စရာပဲလေ ...
မနက်ကိုသူငယ်ချင်းတွေနဲ့ တွေ့ ဖို့ ချိန်းထားပြီးသားကို ကြိုပြောထားပါလျက်နဲ့ နာရီက မနက်(၆း၀၀)
အတိဖြစ်နေပြီ။ အတွေးတွေခပ်များများကြား အလုပ်အပေါ်မှာ အာရုံမရှိဖြစ်နေတယ်။
"ထားလိုက်ပါတော့လေ...အလုပ်မပြီးရင်ခေါင်းခံရမှာက သူဖြစ်နေတာကိုး"
သူကပြာပြာသလဲဖြစ်လေ ကိုယ်ကပါနေမထိထိုင်မထိ ဖြစ်နေပြန်ရော.." အတွေးတွေဖြတ်ပြီး
အလုပ်ကို ခပ်မြန်မြန် လက်စသတ်လိုက်တယ်။နာရီကိုပြန်ကြည့်တော့ မနက်(၇း၀၀)ထိုးခါနီးပြီ။
တစ်ညလုံးအလုပ် လုပ်ထားတဲ့အရှိန်နဲ့  လူတစ်ကိုယ်လုံးလည်းချွေးနံ့  သင်းသင်းလေးတွေကို
ကိုယ်တိုင်ပြန်ခံစားမိတယ်။
"ရေအရင်မချိုးခင် အချစ်ဆုံးသိန်းသန်းကို ဖုန်းဆက်အရင်နိုးအုံးမှ"လို့ အတွေးဝင်လာပြီး
ဖုန်းခေါ်လိုက်တယ်။ထင်တဲ့အတိုင်းပါပဲ အိပ်ချင်မူးတူးဖြစ်နေတဲ့အသံနဲ့  ပြန်ပြောတယ်။
"အင်း...အင်း နိုးပြီ"တဲ့...
နောက်တစ်ယောက်ရှိသေးတယ်။သူကလေပြေ....
အထိုင်အထက ဘာနှေးသလဲမမေးနဲ့  တစ်ခုခုဆိုသူစောင့်ရပြန်ပြီ။ သူ့ လည်းဖုန်းဆက်နိုးထားမယ်
စိတ်ကူးနဲ့  ခေါ်လိုက်တော့ ထူးထူးခြားခြားကိုယ်တော်ချောက နိုးနှင့်နေနှင့်ပြီ။
အဲ့တာဆိုတော့လည်းအဆင်ပြေသွားတာပေါ့။ လေပြေနဲ့  အတူထွက်ဖို့ ချိန်းဆိုပြီး အဆောင်ပြန်
တပ်သုတ်ရိုက် ရေချိုးအဝတ်စားလဲ ခပ်သွပ်သွပ်လေး ချိန်ထားတဲ့နေရာရောက်အောင်
ထွက်လာခဲ့တယ်။ချီးကျူးတာစောသွားတယ်....ကိုယ်တော်ချောက ရောက်ခါနီးပြီးလို့ 
ဖုန်းလှမ်းဆက်ကာမှာ သူကအခုမှ အခန်းဝရှိသေးတယ်တဲ့။ အမှန်က ကိုယ်တိုင်လည်းစိတ်စော
နေတာ ဖြစ်မယ်။ အာလုံးကတော့ ပုံမှန်တွေပါပဲ။ မိနစ်(၂၀)လောက်အကြာ
လေပြေရောက်လာပါတယ်။ဘတ်စ်ကားစီးပြီး ကလန်း(Klang)ကို
ထွက်လာခဲ့တယ်။ ကလန်းမှာအာကာနဲ့ ထပ်ချိန်းထားသေးတယ်။
ဘတ်စ်ကားပေါ်ကမဆင်းသေးခင်မှာပဲ ရဲရင့်(ဆလန်ဗန်း Serembam)ဆီက ဖုန်းဝင်လာတယ်။
" ယောက္ဖ ဘယ်ရောက်နေပြီးလဲ.."လို့  လှမ်းမေးတယ်။ သူကတော့ဝီရိယ
အတော်ကောင်းရှာတယ်။ကေအယ်လ်ရောက်ခါနီးနေပြီ။ သိန်းသန်းဆီကလည်းဖုန်းဝင်လာတယ်။
ကေအယ်လ်သွားနေပြီးဆိုတဲ့အကြောင်းလှမ်းပြောတယ်။ အာကာကို မိနစ်(၃၀)လောက်ကလန်းမှာ
စောင့်အပြီးရောက်လာပါတယ် "အရေးကြီး သုတ်ဖြာပုံစံမျိုးနဲ့ "။သူရောက်လို့  သွားဖို့ ခြေလှမ်းပြင်ခါစမှာပဲ
အာကာဆီဖုန်းဝင်လာတယ်။ ဘယ်သူလဲမေးကြည့်တော့ "ကိုဒဿ"တဲ့။
သူလည်း အားကျိုးမာန်တက် အပြေးလာပါတယ်။ လူလည်းစုံညပီးဖြစ်တာကြောင့်
ကအယ်လ်ကိုသွားဖို့  ဘတ်စ်ကားရှိရာ ခပ်မြန်မြန်လေးပဲထွက်ခဲ့ကြတယ်။
Popular Post
-
အဝေးရောက်သူငယ်ချင်းများအဖွဲ့ (မလေးရှား) တွေ့ ဆုံပွဲနှင့်အလှူငွေကောက်ခံခြင်းအား(၁၁-၁၁-၁၂)မဟာနန်းစားသောက်ဆိုင်တွင် ပနာမတွေ့ ဆုံ...
-
မင်္ဂလာပါ လို့  ရွှေမြို့ တော် ဆိုက် ကလေးမှ သူငယ်ချင်း အားလုံးကို ခရေကနေ နှုတ်ခွန်း ဆက်သပါတယ်။ သီတင်းကျွတ်တော့မယ်ဆိုတော့ ပျော်စရာချိန်လေး မှ...
-
အသက်ကယ်မည့်  သွေး ရဲ့  အရေးကြီးပုံ နှင့် သွေးလှူခြင်း အကြောင်း ကိုသာ ပြော ပါမည် ။ လူတဦး၏ကိုယ်ခန္ဓာအတွင်း လှည့်ပတ် စီးဆင်းနေသော သွေးပမာဏ...
-
ဘယ်လိုပဲရွေမြို့တော်ချက်ခန်းမှာတစ်ယောက်နဲ့တစ်ယောက်.. .ရန်ဖြစ်လိုက်ပြန်တည့်လိုက်နဲ့. ..နေ့စဉ်မြင်တွေ့ နေကြစကားလုံးများစွာ. ....
-
တတိယအကြိမ်အဝေးရာက်သူငယ်ချင်းများအဖွဲ့  တွေ့ ဆုံခြင်းနှင့်အလှူငွေကောက်ခံ လှူဒါန်းခြင်းအား (၉၊၉၊၁၂) (တနင်္ဂနွေနေ့ ) KLသို့ လာရောက်ကြပါရန် အသိပေ...
-
သို့  သူငယ်ချင်းများ.... အဝေးရောက်သူငယ်ချင်းများအဖွဲ့  စတုတ္ထအကြိမ် အလှူငွေကောက်ခံခြင်းနှင့်လှူဒါန်းခြင်းတွေ့ ဆုံရက်အား(၁၄-၁၀-၁၂) တနင်္ဂနွေ...
-
ဖြစ်ပြီးတဲ့ အကုသိုလ်ကို ဘယ်လိုပယ်မလဲ ... ? မေးခွန်းရဲ့သဘောလေးကို ပိုပြီး ပြည့်စုံသွားအောင် ကြားဖူးတဲ့ သမ္မပ္ပဓာန်လေးပါးဘက်ကလှည့်ြေ ပာရအော...
-
"ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း"ဆိုတဲ့စကားပုံကိုကြားဖူးတာတော့ကြာခဲ့ပါပြီ။ လေလွင့်လူ လည်းအဲ့ဒီစကားပုံ အတိုင်း ချစ်ခင...