Pages

Subscribe:

Ads 468x60px

Featured Posts

ဒီဇင်ဘာတွေ့ ဆုံပွဲလေး(၉/၁၂/၁၂)

                                                                                                                                                                                                                                        ပုံမှန်တွေ့ ဆုံနေကြဖြစ်တဲ့အဝေးရောက်သူငယ်ချင်းများပရဟိတလုပ်ငန်းစဉ်လေးကို(၉၊၁၂၊၁၂)တနင်္ဂနွေနေ့ မလေးရှားနိုင်ငံရဲ့ 
မဟာနန်းစားသောက်ဆိုင်တွင်အောင်မြင်ပျော်ရွှင်စွာကျင်းပပြီးစီးခဲ့ပါတယ်။ရောက်ရှိလာတဲ့မန်ဘာအသစ်အဟောင်းများအားလုံးကိုလည်း
အထူးကျေးဇူးတင်မိပါတယ်။အကြောင်းအမျိုးအမျိုးကြောင့်ယခုလတွင်မလာရောက်နိုင်ခဲ့သောအဝေးရောက်ပရဟိတအဖွဲ့ ဝင်   ညီအစ်ကိုများလည်းတဖက်တလမ်းမှလူကြုံဖြင့်သေည်လည်းကောင်း၊တယ်လီဖုန်းဖြင့်သော်လည်းကောင်းပရဟိတလုပ်ငန်းစဉ်သို့     ပါဝင်ကူညီပေးခဲ့ခြင်းကလည်းပိုလို့ ပီတိဖြစ်မိပါတယ်။
           ထိုနေ့ ကကောက်ခံရှိသောအလှူငွေများအပေါ်အဝေးရောက်အဖွဲ့ ဝင်ညီအစ်ကိုမောင်နှမများနှင့်အလှူရှင်များပီတိပွားနိုင်အောင်
ဖော်ပြပေးလိုက်ပါတယ်။

              ကျွန်တော်တို့ ၏ပရိဟိတလုပ်ငန်းစတင်လာခဲ့တာအခုဆိုရင်(၇)လကျော်တိုင်လာခဲ့ပါပြီ။ထိုကာလများအတွင်းကောက်ခံရရှိခဲ့သောအလှူငွေ
စုစုပေါင်းမှာ(RM)၅၁၆၉တိတိရှိနေပါသည်။မြန်မာနိုင်ငံရှိတာဝန်ခံမရှင်းသန့် မေထံတွင်ပရဟိတရန်ပုံငွေအဖြစ်(ကျပ်-၃၃၀၀၀၀)ကိုလွဲပြောင်းအပ်ထားပြီးဖြစ်ပါသည်။
             ကျွန်တော်တို့ ပရဟိတလုပ်ငန်းစဉ်၏ရည်ရွယ်ချက်မှာရန်ကုန်တိုင်းကော့မှူးမြို့ နယ်၊ချောင်းကော်ကျေးရွာတွင် ကျေးလက်စာကြည့်တိုက်
ဖြစ်ပေါ်လာနိုင်ရေးအတွက်မလေးရှာရောက်လူငယ်တစ်စုမှမိမိလုပ်အားဖြင့်ဒါနပြုဆောက်တည်သွားနိုင်ရန်အတွက်ဖြစ်ပါတယ်။ကျေးလက်
စာကြည့်တိုက်တည်ဆောက်ခြင်းရည်ရွယ်ချက်မှာလည်း"အလိမ္မာစာမှာရှိ"ဆိုကဲ့သို့ စာပေဖြင့်ယဉ်ကျေးမှုတည်ဆောက်နိုင်ရန်၊စာပေဖြင့် လူတစ်ဦးတစ်ယောက်၏အသိပညာများဖွံ့ ဖြိုးတိုးတက်လာစေရန်၊လူတစ်ချို့ အသိပညာမြင့်မားလာခြင်းမှသည်လူတစ်စု ကျေးရွာတစ်စု
အစရှိသဖြင့်လူမှုပတ်ဝန်းကျင်အတွက် ကောင်းကျိုးအရာရာကိုဖြစ်ပေါ်လာနိုင်စေဖို့  မျှော်လင့်ချက်ထားတည်ဆောက်နေခြင်းဖြစ်ပါသည်။
ယခုလက်ရှိကောက်ခံရရှိထားသောအလှူငွေများသည် ကျေးလက်စာကြည့်တိုက်တည်ဆောက်နိုင်ရန်အနည်းငယ်အလှမ်းကွာနေသော်လည်း လူငယ်များပီပီရည်ရွယ်ချက်အထမြောက်နိုင်ရန်ဆက်လက်လုပ်ဆောင်နိုင်ဖို့ တိုင်ပင်ဆွေးနွေးလျက်ရှိပါတယ်။မလေးရှားနိုင်ငံရှိမြန်မာများမှ
သော်လည်းကောင်း၊တခြားနိုင်ငံအရပ်ရပ်တွင်ရောက်ရှိနေကြ  သောမြန်မာလူငယ်များအနေဖြင့်သော်လည်း ကျွန်တော်တို့ ၏လုပ်ငန်းစဉ်များ အောင်မြင်စောလျင်စွာပြီးစီးအထမြောက်နိုင်ရေးကိုပါဝင်ကူညီနိုင်ရန်အတွက် 
နွေးထွေးပျူစွာဖိတ်မံသကပြုအပ်ပါတယ်။







                                                    အာလုံးကိုအထူးလေးစားခင်မင်ကျေးဇူးတင်လျက်-
                                                                                                                  လေလွင့်လူ(အဝေးရောက်ပရဟိတအဖွဲ့ ဝင်)

၁၁-၁၁-၁၂လပိုင်းအဝေးရောက်ပရဟိတတွေ့ ဆုံပွဲ

             အဝေးရောက်သူငယ်ချင်းများအဖွဲ့ (မလေးရှား)   တွေ့ ဆုံပွဲနှင့်အလှူငွေကောက်ခံခြင်းအား(၁၁-၁၁-၁၂)မဟာနန်းစားသောက်ဆိုင်တွင် ပနာမတွေ့ ဆုံရန်ချိန်းဆိုထားခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ရွှေတောင်စားသောက်ဆိုင်သို့  ပြောင်းရွှေ့ ကျင်းပခဲ့ပါသည်။ ထိုနေ့ တွင် နေရာအပြောင်းရွှေ့ ကျင်းပခဲ့ခြင်းကြောင်းလာရောက်သူတချို့ လွဲချော်နေမှုအားကျွန်တော်လေလွင့်လူမှအနူးညွတ်တောင်းပန်အပ်ပါသည်။
              ထိုနေ့ တွင်တက်ရောက်ခဲ့သည့်အလှူရှင်များအားလုံးကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။


             ထို့ အပြင် မစုစုလှိုင်(ခေတ္တ-ဒူဘိုင်း)ကလည်း ရန်ကုန်ရှိ မရှင်းသန့် မေထံသို့  အလှူငွေ(ကျပ်)၃၀၀၀၀ အားလှူဒါန်းခဲ့ပါသည်။
အဝေးရောက်ပရဟိတအဖွဲ့ ဝင်များလစဉ်ရှင်းတမ်းများကိုလည်း ထပ်မံဖော်ပြပေးလိုက်ပါသည်။

 

ယခင်လများမှကောက်ခံရရှိသောအလှူငွေ=(RM)၂၂၁၉

ယခုလကောက်ခံရရှိသောအလှူငွေ         =(RM)၁၉၅၀

စုစုပေါင်းလက်ခံရရှိသောအလှူငွေ           =(RM)၄၁၆၉

 

         ထိုအလှူငွေများအတွင်းမှ(၁၀-၁၁-၁၂)စနေနေ့တွင်ကလန်းဥတ္တမဓမ္မဝိဟာရကျောင်းတိုက်တွင်း
ကျင်းပပြုလုပ်သော ကထိန်သင်္ကန်းကပ်လှူပူဇော်ပွ္ပဲ့္ပသို့ အဝေးရောက်သူငယ်ချင်းများကိုယ်စား အလှူတော်ငွေ(RM)၁၅၀ အားလှူဒါန်းမှုပြုခဲ့ပါသည်။

၁၁-၁၁-၁၂ လပိုင်းတွင်မန်ဘားတွေ့ ဆုံပွဲမှ အမှတ်တရ ဓာတ်ပုံများ
















              ယခုပို့ စ်လေးအားလေလွင့်မှတင်လိုတာကြာခဲ့ပါပြီ။အကြောင်းမျိုးမျိုးကြောင့်ပြေးပြေးလွှားလွှားလေးတွေနဲ့ အလုပ်တွေရှုပ်(အရှုပ်တွေလုပ်)      
နေတာတွေကြောင့် နောက်ကျနေခြင်းအားမန်ဘားမောင်နှမအားလုံးအားအလေးထားတောင်းပန်လိုက်ပါတယ်နော်။



အဝေးရောက် အဖွဲ့ လေး တွေ့ ဆုံပွဲ ဖိတ်ကြားခြင်း...


                              " မောင်နှမ များအားလုံး မင်္ဂလာပါ "
              
              ခရေ တို့ ရဲ့ ရွှေမြို့ တော်ကြီးကနေ မွေးဖွားလာခဲ့တဲ့ အဝေးရောက်အဖွဲ့ လေးရဲ့  
 တွေ့ ဆုံပွဲလေးကို နိုဝင်ဘာလ ( ၁၁ ) ရက်နေ့ မှာ တွေ့ ဆုံဖို့  စီစဉ်ထားပါတယ်။
              မြို့ တော်အတွင်းက အဝေးရောက် အဖွဲ့ ဝင်တွေ အားလုံး ကြိုးစားပြီးတော့ မဖြစ်မနေ လာစေချင်ပါတယ်။ အဖွဲ့ ဝင် သစ်များကို လဲ ဖိတ်ခေါ်ပါတယ်။
             ခရေတို့ ရဲ့  အဝေးရောက် အဖွဲ့ လေးရဲ့  ပရဟိတ အနေနဲ့  တည်ဆောက်မယ့်  ကျေးရွာ စာကြည့်တိုက်လေးကို လဲ အကောင်အထည်ဖော် ဖို့  သိပ်မလိုတော့ပါဘူး။
              ခရေတို့  စီစဉ်ထားတဲ့  ကျေးရွာ စာကြည့်တိုက်လေးကို ပထမ က ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့ နယ်က မြောက်ချောင်းရွာလေးမှာ ပါ။
              ဒါပေမယ့် ခု အထိရွာလေးမှာ က ဆောက်လုပ်ပြီးနေတဲ့ အတွက် ရန်ကုန်မြို့ နဲ့  ၂၇ မိုင်ဝေးတဲ့  ချောင်းကော်ခြံ ရွာလေးမှာပါ။ အိမ်ခြေ တထောင်ကျော်လောက် ရှိတဲ့ ရွာလေးပါ။
             ခရေ တို့ အဖွဲ့  ဝင်တွေ တွေ့ ဆုံပွဲလေးကို မဖြစ်မနေ အားလုံး လာရောက်ဖို့  ခရေ က ထပ်မံဖိတ်ကြားပါတယ်။ မိဥ ( ဥက္ကာ ) ကတော့ ယိုးဒယားမှာ ဆိုတော့ လေယာဉ်ကို ဖက်လိုက်ပြီး သွားတွေ့ နော်.. ဟိ.
             မလေးရှားမှာ ရှိနေတဲ့  သူငယ်ချင်း မြို့ တော်ထဲက မောင်နှမများ အားလုံးလဲ   
အဝေးရောက် အဖွဲ့ လေးကို ပါဝင်နိုင်ကြပါတယ်လို့ ။
             မလေး ရှား မှာ ရှိနေတဲ့ အဖွဲ့ ဝင်တွေ ဆီကို တိုက်ရိုက် အလှုငွေ ထည့်ဝင်နိုင်ပါတယ်။
             မြို့ တော်တွင်းမှာ ရှိကြတဲ့  မောင်နှမများအားလုံးလဲ စာကြည့်တိုက်လေးကို အလှုငွေ ထည့် ဝင် လှုဒါန်းနိုင်ပါကြောင်း...

             တွေ့ ဆုံပွဲလေးကို တော့ ကေအယ်ကမဟာနန်းစားသောက်ဆိုင်လေးမှာပါ။အချိန်က တော့ နေ့ လည် ၁ နာရီကို သတ်မှတ်ထားပါတယ်။
             မလေးရှားက ရှိနေတဲ့ အဖွဲ့ ဝင် အားလုံး ကြိုးစားပြီးတော့ တက်ရောက်စေချင်ပါတယ်။
            ခရေ တို့ ရဲ့ အဝေးရောက် စာကြည့်တိုက်လေးပုံဖော်ထုဆစ်အကောင်အထည် ဖော်နိုင်တော့မှာမို့  ဝမ်းမြောက် ဝမ်းသာဖြစ်မိပါတယ်။
            မြို့ တော် တွင်းက မောင်နှမများအားလုံး လဲ ခရေ တို့ စာကြည့်တိုက်လေးကို ပိတိပွားရင်း ပျော်ရွှင်နိုင်ကြပါစေလို့ ..
           ခရေ တို့  အဝေးရောက် သူငယ်ချင်းများ ရဲ့  ပရဟိတ အလှု စာကြည့် တိုက် ဖြစ်မြောက်စေရန် အားပေးကူညီ ပေးနေတဲ့  မြန်မာပြည် ကရှိနေတဲ့  အကို အောင်ထက် နဲ့    ညီ မလေး မရှင်းသန့် မေ တို့ ကိုလဲ ကျေးဇူးတင်ပါတယ်  လို့  ..
                                                                                                       ကျေးဇူးတင်ပါတယ်။

အဝေးရောက် အဖွဲ့ ဝင်များ တွေ့ ဆုံပွဲ..

နေ့ ရက်… နိုဝင်ဘာလ ( ၁၁ ) ရက် ၊ ၂၀၁၂ ခုနှစ်
နေရာ … မဟာနန်း စားသောက်ဆိုင် ( ကေအယ်)
အချိန် … ၁ : ၀၀ နာရီ ( နေ့ လည်)

            အသင်းဝင် အဖွဲ့ သားများ အားလုံး မပျက်မကွက် ကြိုးစားပြီး တက်ရောက်ကြပါရန်..အသင်းဝင် အားလုံးကိုယ်စား ခရေ မှ ဖိတ်ကြားအပ်ပါသည်
 
 























 (ခရေ တို့  အဝေးရောက် အဖွဲ့ ဝင်တွေ ပြီးခဲ့တဲ့ လက တွေ့ ဆုံပွဲလေးကို ရိုက်ထားတဲ့ ပုံလေးပါ။)




ခရေ
(ကြိုးစားပါအုံးမည်)






 
 

                                                                                                                                     



''' အဝေးရောက် အဖွဲ့ လေး တည်တံ့ဆဲပါ ''''

မင်္ဂလာပါ လို့  ရွှေမြို့ တော် ဆိုက် ကလေးမှ သူငယ်ချင်း အားလုံးကို ခရေကနေ နှုတ်ခွန်း ဆက်သပါတယ်။ သီတင်းကျွတ်တော့မယ်ဆိုတော့ ပျော်စရာချိန်လေး မှာ မိဘ သူငယ်ချင်း မိတ်ဆွေများနှင့် ပျော်ရွှင်နေကြတော့မှာပေါ့။
                                  ခရေ တို့ ကတော့ အဝေးကနေပဲ စိတ်ကူးနဲ့  ထပ်တူပျော်ရွှင်ပေးနေပါတယ်လို့ ။ မြန်မာပြည်မှာ နေကြတဲ့ မြန်မာလူမျိုးတွေရဲ့  စိတ်လေးကို ကြည့်မယ်ဆိုရင် အမတန်မှ မွန်မြတ်လှကြပါတယ်။ သီးခံနိုင်တရား သူများထက် သာပါတယ်။
                                ခရေကတော့ လက်တွေ့ မြင်နေရတာပါ။ သူများကို စဉ်းစားပေးတာ သူများကို ဂါရဝထားတတ်တာ လေးစားတတ်တာ မြန်မာလူမျိုးတွေ မှာပဲရှိပါတယ်။ တိုင်းတပါး လူမျိုးတွေလဲ ရှိကြမှာပါ ဒါပေမယ့် ခရေတို့ မြန်မာ လူမျိုးကိုတော့ မမှီတာ အမှန်ပါ။
              ဒီလို သီတင်းကျွတ် ပွဲတော်ရက်လေး အတွင်း ပျော်ရွှင်စရာတွေ ဝေမျှလို့  ထပ်တူခံစားပေးနေတဲ့ အချိန်မှာ ခရေတို့  အဝေးရောက် အဖွဲ့ လေးအတွက် စိတ်မကောင်းစရာ အဖြစ်လေး ကြုံခဲ့ရပါတယ်။ အဒါကတော့ အဝေးရောက် ဘလော့ဆိုက်လေး ဟက်ခံထိတာပါ။ တနည်းပြောရင်တော့ ပတ်စဝက် ချိန်းခံထိတာပါပဲ။
                     အဝေးရောက် အဖွဲ့ လေးမှာ အဖွဲ့ ဝင် အားလုံး ၂၀ ကျော်လောက်ရှိပါတယ်။ အဖွဲ့ လေးရဲ့  ရည်ရွယ်ချက်ကို လဲ အားလုံးသိပြီးလောက်ပါပြီ။ မြန်မာပြည် ရန်ကုန်တိုင်းဒေသကြီး ကော့မှုးမြို့ နယ်လေး အတွင်းက ရွာတရွာမှာ ကျေးလက်စာကြည့်တိုက် ဆောက်လုပ်လှုဒါန်းဖို့ အတွက် ဖွဲ့ စည်းဖြစ်ခဲ့ကြတာပါ။
                 တကယ်တော့ အဝေးရောက် အဖွဲ့ ဝင်တွေ ဖြစ်တည်လာတဲ့ အစကတော့ ဟော့ဒိ ရွှေမြို့ တော် ဆိုက်လေးကပါပဲ။ မြို့ တော် ချက်ခန်းလေးကို အားတဲ့အချိန်အပြေးအလွှားဝင် စကားပြော သူငယ်ချင်းတွေဖြစ် နေတော့ တနိုင်ငံထဲဆိုတော့ မြန်မာချင်းပေါင်းမိပြီ သူငယ်ချင်းတွေ ဖြစ် နောက် စိတ်ကူးလေးတွေ ဖြစ်တည်လာပြီး အကောင်အထည်ဖော်ခဲ့တာပါ။
                   အဝေးရောက် အဖွဲ့ ဝင်တွေအားလုံးက အဝေးရောက်နေတဲ့ အတွက်လဲ ရွှေမြို့ တော် ဆိုက်လေးက  အဖွဲ့ တွေ ဖြစ်တဲ့  ကိုအောင်ထက် မရှင်းသန့် မေ  တို့ ကနေပြီး  မြန်မာပြည်ကနေ အကူအညီတွေပေးခဲ့ပါတယ်။ တကယ်တော့ အဝေးရောက် အဖွဲ့ လေးရဲ့  ကျေးလက်စာကြည့်တိုက် ဖြစ်တည်လာတဲ့ အခြေအနေအားလုံးဟာ ရွှေမြို့ တော် ဆိုက်လေးရဲ့  ကျေးဇူးတွေကြောင့်ပါ။
                     အဒိလို အဖွဲ့ သားများ မြို့ တော်ပြည်သူတွေ အားလုံး ပါဝင်လက်တွဲ လို့  စာကြည့်တိုက်လေး အတွက် ဆောင်ရွက်နေချိန်မှာ မြို့ တော်ရဲ့  ချက်ခန်းထဲကနေပဲ မကျေနပ်တဲ့ တယောက်သူကတော့ ခရေတို့ ရဲ့  အဝေးရောက် ဘလော့ဆိုက်လေးကို ဖျက်စီးခဲ့ပါတယ်။
              ပြောရရင်တော့ လူချင်းလဲမမြင်ဘူး ကြပါဘူး။ ချက်ခန်းထဲ ပြောနေတဲ့ သူတွေအားလုံးဟာ ဒါပေမယ့် တယောက်ကို တယောက် စလိုက်နောက်လိုက်နဲ့  ညီအကို မောင်နှမလို သူငယ်ချင်းတွေကို ပျော်ရွှင်စွာ ချက်ကြတာပါ။
           ငါပြောရင်တော့ လူမသိဘူး။ ငါဆဲရင်တော့ ဘယ်သူမှန်းမသိဘူး။ ငါ့နာမည် အမှန်မှမဟုတ်တာ အလို စိတ်တွေနဲ့  ဝင်လာပြီးတော့ တချို့ က ဆဲကြတယ်။ ရိုင်းကြတယ်။
                 ဒါပေမယ့် ဘယ်သူမပြု မိမိမှုပါ။ ဘယ်သူမှမသိပေမယ့် မိမိကိုယ်စောင့်နတ်သိပါတယ်။ မိမိစိတ် မိမိသိပါတယ်။ တကယ်တန်း ပြန်စဉ်းစားကြည့်ပါ။ ငါပြောတာမသိဘူးဆိုပေမယ့် ငါပြောလိုက်တာပါလား ဆဲလိုက်တာပါလား တွေးမိရင် ကိုယ်အရင်သိပါတယ်။
                       ကိုယ် ကိုယ်ကို သိလို့  ပြန်တွေးရင်လဲ ကိုယ်က ဘယ်က ဆင်းသက်လာလဲ ကိုယ့်ကို ဘယ်သူက မွေးထုတ်ပေးခဲ့လဲ နောက်ဆုံး မိမိ မိဘတွေဆီပြန်ရောက်သွားမှာပါ။
            အတော့ခရေပြောချင်တာက ချက်ခန်းထဲ စကားပြောကြပါ။ ချစ်ချစ် ခင်ခင် ပြောဆိုကြပါ။ ချက်ခန်းဝင်ပြီ မကျေနပ်လို့  မပြောချင်လို့  မတောင်းပန် လို့  အကြောင်းပြချက်တွေနဲ့ ကိုယ်ဖြစ်ချင်တာပဲတွေးပြီး လုပ်လိုက်တာက ဘယ်အတိုင်းအတာရောက်နေလဲ။
          အများအကျိုးကို ပိတ်ပင်ဖျက်ဆီးနေတာပါလား တွေးပေးစေလို ပါတယ်။ အခုလို ခရေတို့ အဝေးရောက် ဘလော့ဆိုက်လေး ပျက်စီးစေရန် လုပ်ဆောင်တဲ့ သူကိုလဲ ခရေက ပြောချင်တာကတော့ မိမိ မကျေနပ်ချက်ကို မရောပါနဲ့ ။ ဘာကိုမကျေနပ်လဲ မသိပေမယ့်။ ခရေကပဲ အဝေးရောက် အားလုံးကိုယ်စားတောင်းပန်ပါတယ်။
                 အားလုံးသော မြို့ တော်နေပြည်သူအပေါင်း ကျန်းမာကြပါစေလို့ ..
               ခရေကနေ ဆုမွန်ကောင်းတောင်းပါတယ်။
             သာယာပျော်ရွှင်သော သီတင်းကျွတ်အချိန်လေး ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ နော်..
ခရေတို့  အဝေးရောက် ဘလော့ဆိုက်လေး အခုချိန်ခါတော့ အားလုံး ကို ပြန်လည် လည်ပတ်နေပါပြီ။  ဆက်လက် တည်တံ့နေ ဆဲပါလို့ ။ စိတ်မကောင်း ပါဘူး      အခုလို ကြုံတွေလိုက်ရ တဲ့အတွက်လဲ။
              ခရေတို့  အဝေးရောက် အဖွဲ့ ဝင်များရဲ့  ဘလော့ဆိုက်လေးကိုလဲ လာရောက်ဖို့  ဖိတ်ခေါ်ပါတယ်..
                                ..http://awayfriend.blogspot.com/
              လှုဒါန်းချင်တယ် ဆိုရင်တော့ မြန်မာပြည် တာဝန်ခံ
              မရှင်းသန့် မေ ( ရွှေမြို့ တော် ပရဟိတ )
                     ရှင်းသန့်မေ -09420057992
                                                         သို့  လှုဒါန်းနိုင်ပါတယ်လို့
                 ခရေတို့  အဝေးရောက် ဘလော့ဆိုက်လေး ရဲ့  ပရဟိတ အလှု အကြောင်း သိချင်ရင် အောက်ပါ လင့်လေးကနေ ကြည့်နိုင်ပါတယ်။
http://www.shwemyotaw.com/profiles/blogs/5442636:BlogPost:5304872
                        

 နောက် ခရေတို့ ရဲ့  အဝေးရောက် ဘလော့ဆိုက်လေးကို ရွှေမြို့ တော် ချက်ခန်းထဲကနေ မကျေနပ်တာကို အဝေးရောက်ဘလော့ ဆိုက် ကို ပတ်စဝက်ချိန်းပြီး ချိန်းခြောက်သလို တင်ထားတဲ့  စာလေးကို လဲ တင်ပြပေးပါတယ်။။










လစဉ်တိုင်းကောက်ခံရရှိသော စုစုပေါင်းအလှူငွေစာရင်းများကိုထပ်မံဖော်ပြပေးပါမည်။ အားလုံးသောသူငယ်ချင်းများကိုကျေးဇူးအထူးတင်ရှိပါသည်။

Popular Post

 
အဝေးရောက် သို့  နောက်တစ်ခေါက်လာခဲ့ပါ Twitter Bird Gadget